ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ မြို့နယ်များသို့ ထုတ်ချေးထားရှိမှုအပေါ် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်

ပင်းတယ ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက် ၁၀ နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ မြို့နယ်များသို့ ထုတ်ချေးထားရှိမှုအပေါ် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းကအဖွင့်အမှာစကားပြောကြားပေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စီးပွားရေးဦးတည်ချင်များအနက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး စသည့်ဦးတည်ချက်နှင့်အညီ နိုင်ငံတော်အစိုးရမှ “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ” ကိုထည်ထောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အရင်းမပျောက် မတည်ရန်ပုံငွေများကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါကြောင်း၊ နိုင်ငံ့မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ မွေးမြူရေးနှင့်အခြားစီးပွားရေး(ကုန်ထုတ်လုပ်ငန်း) ဆောင်ရွက်နေကြသည့် အစုအဖွဲ့များမှ ချေးငွေရယူပြီးချိန်မှစ၍ ဆောင်ရွက်တဲ့လုပ်ငန်းအပေါ် အားသာချက် အားနည်းချက်များကိုလည်း ဆွေးနွေးတင်ပြရန်ဖြစ်ပြီး လိုအပ်ချက်အခက်အခဲများ ဖြစ်ပေါ်လာပါကလည်း ဝိုင်းဝန်းတိုင်ပင်၍ သုံးသပ်အဖြေရှာပြီး နိုင်ငံတော်၏ ရည်မှန်းချက်များကို အောင်မြင်အောင် ပူးပေါင်းအကောင်ထည်ဖော် ဆောင်ရွက်သွားကြရန် စသည်ဖြင့် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပင်းတယမြို့နယ် နိုင်ငံ့စီးပွားရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုအခြေအနေအား ရှင်းလင်းတင်ပြပေးသည်။

ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး(ကုန်ထုတ်လုပ်ငန်း) အစုအဖွဲ့တို့မှ ချေးငွေရယူထားသော လုပ်ငန်းရှင်များကိုယ်စား တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း(SOP)ပါ လုပ်ထုံးလုပ်နည်းများ၊ စံသတ်မှတ်ချက်များနှင့်အညီ မတည်ထောက်ပံ့ငွေများထုတ်ချေးခဲ့ရာ ယနေ့အထိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး(ကုန်ထုတ်)လုပ်ငန်းတွင် ကဏ္ဍအလိုက်စုစုပေါင်း လူဦးရေ(၃၆၇၃)ဦးအတွက် ချေးငွေစုစုပေါင်းကျပ်သန်း ၁၀၁၂၃.၅၀ အား  မတည်ထောက်ပံ့ငွေအဖြစ် ထုတ်ခြေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)