အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

အုတ်တွင်း ဇူလိုင် ၁၇     

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအ​​ကြောင်း သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ​ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ အာဇာနည်စိတ်ဓာတ်၊ အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများစသည့် အကြောင်း အရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် အခြေခံပညာအလယ်တန်း(ခွဲ) ပဲခူးလမ်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်း သူများအား အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပ ပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)