မြောက်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မိုးရာသီ၌ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီက စ၍ ​ရွှေပေါက်ကံ(၁၄)ရပ်ကွက် (၁၄)စျေး၊ ဝေဘာဂီရပ်ကွက်ရှိ ဆေးဝါးတက္ကသိုလ်ဝန်းအတွင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာလဲ့ညိုဝင်းကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ရာသို့ မြို့နယ်စည်ပင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ အရန်မီးသတ်၊ ကြက်ခြေနီအသင်းတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီ၌အဖြစ်များပြီး ထိုသို့မဖြစ်ပွားစေရန် ပိုးလောက်လန်းမှ တစ်ဆင့်ခြင်ပေါက်ဖွားမှုများပြားလာနိုင်သော ရေတင်ကျန်နိုင်သော ရေပုံး၊ရေအိုးများ၊ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့်ကျောက်စည်ပိုင်းများအား အဘိတ်ဆေးခက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)