မိုင်းငေါ့မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အ.မ.က(မန်လုံ)ကျောင်း၌ ကျင်းပပြုလုပ်

မိုင်း‌ငေါ့ ဇူလိုင်  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊‌ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉)ရက် နေ့ တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာ‌ စောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အ.မ.က‌ (မန်လုံ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်ပြောကြားပြီး အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးအားအစဉ်အောင်မေ့နေစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် နိုးကြားလာစေရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေးကို  စသည့်အကြောင်းအရာများကို ကျောင်းသားကျောင်းသူများ သိရှိနားလည်စေရန် အသိပညာပေး ဟောပြောခဲ့ပြီး အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ကိုလည်းပြသ ဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 မြင့်သွယ်(မိုင်းငေါ့ ပြန်/ ဆက်)