သတင်းများ

နတ်မောက်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 12,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၁ ရက်နေ့ ညနေ ၃နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးထာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ် အခြေခံကျောင်းများသို့ လူငယ်ရေးရာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်
Jul 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အထက(ခွဲ)ပေကုန်းကျောင်းသို့ အသိပညာပေး ဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်
Jul 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လောင်းလုံးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ် (Abate) ဆေးခတ်ခြင်းများ ဆက်လက် ဆောင်ရွက်ရှိ
Jul 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရှိရာယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ လောင်းလုံးမြို့ရှိ ဌာနဆိုင်ရာရုံးများ၌ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိ
Jul 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် သီးနှံပင်များကို စီးပွားဖြစ်စိုက်ပျိုးရောင်းချကြလျက်ရှိရာ ယခုအခါတွင် ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ စတင်ခူးဆွတ်ရောင်းချကြလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ
Jul 12,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၅၇) စက်မှုလယ်ယာ စခန်းမှ ၂၀၂၃ ခုနှစ် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဆုတောင်းပြည့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာ (၇) ရွာအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကျေးရွာ (VDP) စီမံကိန်းဖြင့် တစ်ရွာလျှင် သိန်း(၁၅၀) ထောက်ပံ့ပေးအပ်
Jul 12,2023
ကျေးရွာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ၏ အဓိက လိုအပ်ချက်များ ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာအား တစ်ရွာလျှင်ထောက်ပံ့ငွေ  သိန်း(၁၅၀) ထောက်ပံ့နိုင်ရန် ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်
Jul 12,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်အတွက် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးရဲဝင်းထိုက် ဦးဆောင်၍  ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ကို ယမန်နေ့နံနက်(၁၀)နာရီက ရုံးကုန်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။