ဒဂုံအရှေ့ ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ဒဂုံတက္ကသိုလ်စာကြည့်တိုက်၌ ယနေ့နံနက် ၉ နာရီ အချိန်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ သာထွန်းမောင်ကအဖွင့်အမှာစကား ပြောကြားခြင်းရန်ကုန်တိုင်းဒေသကြီး ပန်းဥယျာဥ်နှင့် အားကစားကွင်းများဌာနမှ ခရိုင်မှူး ဒေါ်သူဇာလွင်က ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်ထံစိုက်ပျိုးမည့် သစ်ပင်များပေးအပ်ခဲ့ပီးနောက် အခမ်းအနားသို့ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ၊ဆရာမများ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းသန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ ပန်းဥယျာဥ်နှင့် အားကစားကွင်းများဌာနမှ ခရိုင်မှူးဒေါ်သူဇာလွင်နှင့်ဌာနဆိုင်ရာများ၊ ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများတက်ရောက် ကာစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်များကို တက္ကသိုလ်အတွင်းရှိ စာကြည့်တိုက်နှင့် စာသင်ဆောင်များအရှေ့တွင် ကံကော်၊ စိန်ပန်း၊ ခရေ၊ ရေတမာ၊ တယ်အပင်မျိုးစိတ်များကို အပင်ပေါင်း(၄၀၀)ပင်စိုက်ပျိုးကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)