ဟားခါး ဇူလိုင် ၁၂
၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်အဆင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသား/ သူများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုကြပြီး မြို့နယ်ပညာရေးမှူး ဦးထလာချိုမ်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသိန်းက ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်း ပေးအပ်ခြင်း အခမ်းအနား ဆက်လက်ကျင်းပရာ သင်္ချာ၊ ဓာတုဗေဒ၊ ရှုပဗေဒ ဘာသာရပ်သင် ဆရာ/ ဆရာမများအား ခရိုင်ပညာရေးမှူးဦးဗန်ဘိခ့်က လည်းကောင်း၊ ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်သင် ဆရာ/ဆရာမများကို မြို့နယ်ပညာရေးမှူး ဦးထလာချိုမ်ကလည်းကောင်း၊ သမိုင်း၊ ပထဝီဝင် ဘာသာရပ်သင်ဆရာ/ ဆရာမများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသိန်းကလည်းကောင်း အသီးသီးလက်ဆောင်ပစ္စည်းများ ပေးအပ် ကြသည်။
ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပရာ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဟားခါးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသိန်း၊ အလှူရှင် ဦးသန်းအောင်ကလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖွာဒေါ့နှင့် ဆရာကြီးဟိုင်ဆန်တို့လည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူမျးက ချင်းရိုးရာအကနှင့် “ဇာတိမာန်သီချင်း”တို့ဖြင့် အသီးသီးဖျော်ဖြေကြပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)