သတင်းများ

ငဖဲမြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင် ပြသ
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံမည့် စံကျောင်းတော်များအား ကြည့်ရှုစစ်ဆေး
Jul 18,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ညောင်ရွှေမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၇ ရက်နေ့က အင်းလေးဒေသအတွင်းရှိ ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံမည့် စံကျောင်းတော်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့တက်ရောက်
Jul 18,2025
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီခွဲက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့ ရွှေဝယ်သီရီအားကစားကွင်းဝင်းအတွင်း၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုး ပွဲတော်အား ကျင်းပခဲ့သည်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ပရိယတ္တိသာသနဟိတဓမ္မာစရိယဝဋံသကာဘွဲ့ရနှင့် သာသနဓဇဓမ္မာစရိယ(အဂ္ဂမဟာအကျော်) အထူးအောင်သံဃာတော်များကို ရွှေတံဆိပ်နှင့် စာအောင် ဂုဏ်ပြုလှူဒါန်းပူဇော်ပွဲအခမ်းအနား ကျင်းပ
Jul 18,2025
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ ၂၀၂၅ ခုနှစ် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းစာမေးပွဲ၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ တို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ပြီး  ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာဘွဲ့ရနှင့် သာသနဓဇဓမ္မာစရိယ(အဂ္ဂမဟာအကျော်)အထူးအောင် သံဃာတော်များ အား ရွှေတံဆိပ်နှင့် စာအောင်ဂုဏ်ပြုလှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ(၁၇)ရက်နေ့နံနက်ပိုင်းက  မစိုးရိမ်တိုက်သစ်ရှိ ဓမ္မထေရိယသီရိရွှေစင်ကျောင်းတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်၊ ဓမ္မထေရိယသီရိရွှေစင်ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ အမှူးပြုပြီး  မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ငှက်ပျော ၅၂ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ငှက်ပျော ၁၄၂၉ ခိုင် ထွက်ရှိ
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ငှက်ပျော ၅၂ ဧက ခုတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ငှက်ပျော ၁၄၂၉ ခိုင် ထွက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းပျဉ်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိတ္ထီလာမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချကိရိယာ (10-Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ ဦးပိုင်အမှတ် ၂၀၊ ကွင်းအမှတ် ၈၅၅ ရှိ တောင်သူ ဦးချစ်လှိုင်၏ စိုက်ဧကတစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌‌ နန့်ညုရေလွှဲဆည် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း တည်‌ဆောက်နေမှုကွင်းဆင်းစစ်ဆေး
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသော နန့်ညုရေလွှဲဆည်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း တည်‌ဆောက်‌ပြီးစီးမှုအ‌ခြေနေအား ယမန်နေ့ ညနေပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီကြပ်မှုကော်မတီဥက္ကဋ္ဌ ဦလွင်မိုး၊ မြို့နယ်တည်ဆောက်ရေး‌လုပ်ငန်းများ ကြီကြပ်မှုကော်မတီအတွင်းရေးမှူး ဦးရဲအောင်နိုင်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟစိုးနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်ကွင်းဆင်းစစ်ဆေးခဲ့ရာ နန့်ညုရေလွှဲဆည်နှင့်ပတ်သက်၍ ဒုတိယဦးစီးမှူး ဦးသီဟစိုးမှ ရှင်းလင်းတင်ပြခဲ့‌ကြောင်း ရသည်။