မိုင်းတုံမြို့၌‌ နန့်ညုရေလွှဲဆည် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း တည်‌ဆောက်နေမှုကွင်းဆင်းစစ်ဆေး

မိုင်းတုံ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသော နန့်ညုရေလွှဲဆည်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း တည်‌ဆောက်‌ပြီးစီးမှုအ‌ခြေနေအား ယမန်နေ့ ညနေပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီကြပ်မှုကော်မတီဥက္ကဋ္ဌ ဦလွင်မိုး၊ မြို့နယ်တည်ဆောက်ရေး‌လုပ်ငန်းများ ကြီကြပ်မှုကော်မတီအတွင်းရေးမှူး ဦးရဲအောင်နိုင်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟစိုးနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်ကွင်းဆင်းစစ်ဆေးခဲ့ရာ နန့်ညုရေလွှဲဆည်နှင့်ပတ်သက်၍ ဒုတိယဦးစီးမှူး ဦးသီဟစိုးမှ ရှင်းလင်းတင်ပြခဲ့‌ကြောင်း ရသည်။

အဆိုပါ နန့်ညုရေလွှဲဆည်ပြန်လည်တည်ဆောက်မှုသည်  ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ(၉၉၀ )သိန်းဖြင့် အလျား(၂၈ ပေ)၊ အနံ(၅၅ပေခွဲ)၊ အမြင့်(၇)ပေ  Outfall basin  နန့်ညုရေလွှဲဆည် ကို၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမှာဖြစ်ပြီး ပြီးစီးမှုအခြေအနေမှာ (၃၀)ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟစိုးထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)