ဒဂုံမြို့သစ် မြို့နယ်များအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်လျက်ရှိ
Mar 04,2025
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ လိုက်ပါလျက် ယမန်နေ့နံနက် ၇ နာရီက မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနှင့် ပါရမီလမ်းထောင့်၌ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ယာဉ်ကြောကြပ်တည်းမှုအား လျှော့ချနိုင်ရေးအတွက် ပြည်လမ်းအား အရှည် ၈၀၀ ပေ၊ အကျယ် ၇ ပေ၊ ထု ၉ လက်မ ကွန်ကရစ်လမ်းသားတိုးချဲ့ခင်းကျင်းနေမှု၊ အရှည် ၈၀၀ ပေ၊ အကျယ် ၇ ပေ၊ ထု ၄ လက်မ လူသွားစင်္ကြံ Interlock ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းမဘေးရေမြောင်းအား ဆယ်ယူရှင်းလင်းရန်၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းရန်၊ အသုံးမပြုသည့် လျှပ်စစ်မီးကြိုးများ ရှင်းလင်းရန်မှာကြားသည်။