ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံမည့် စံကျောင်းတော်များအား ကြည့်ရှုစစ်ဆေး

ညောင်ရွှေ ဇူလိုင် ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ညောင်ရွှေမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၇ ရက်နေ့က အင်းလေးဒေသအတွင်းရှိ ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံမည့် စံကျောင်းတော်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နန်းသဲကျေးရွာစံကျောင်း၊ သလဲဦးအင်းရွာစံကျောင်း၊ ကေလာကျေးရွာစံကျောင်းနှင့် ဇရပ်ကြီးကျေးရွာစံကျောင်း၊ အင်းလေးဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်၊ ရေသာကျေးရွာစံကျောင်း၊ အလိုတော်ပေါက်တောင်ကျောင်း၊ နန်းပန်ကျောင်း၊ လင်းကင်းကျေးရွာစံကျောင်း၊ ပွဲစားကုန်းကျေးရွာစံကျောင်း၊ ကြေးစားကုန်းကျေးရွာစံကျောင်း၊ ငါးဖယ်ချောင်းကျေးရွာစံကျောင်း၊ ဟဲယာရွာမကျေးရွာစံကျောင်း၊ ကျေးပေါခုံစံကျောင်းနှင့် အင်းတိန်စံကျောင်းများသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ယာယီစံကျောင်းဆောက်လုပ်နေမှုများနှင့် ဘုရားကြွရေလမ်းကြောင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်