မိုင်းပျဉ်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက  မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်  ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲတွင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်ကြသော အ.ထ.က−မိုင်းပျဉ်း၊ အ.ထ.က−တုံတာ၊ အ.ထ.က-မိုင်းမန်း၊ အ.ထ.က−ပန်တားလေ၊ အ.ထ.က−မိုင်းပုအွန်နှင့် အ.ထ.က(ခွဲ)−မိုင်းပျဉ်းတို့မှ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် (၄)ဦး၊ အလယ်တန်းအဆင့် (၇)ဦး၊ မူလတန်းအဆင့်တွင် (၆)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် (၉)ဦး၊ အလယ်တန်းအဆင့် (၁၅)ဦး၊ မူလတန်းအဆင့်တွင် (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မိုင်းပျဉ်းမြို့နယ် ပညာရေးဌာနမှ ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)