စိုက်နည်းစနစ်မှန်ကန်ရေး တောင်သူအသိပညာပေး Talk Show ပြုလုပ်

ခန္တီး ဇူလိုင် ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် အများပြည်သူအသိပညာပြန့်ပွားရေး အတွက် အသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ Talk Show များကို ပြုလုပ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Centre ခန်းမတွင် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရန် ရည်ရွယ်‌၍ စိုက်နည်းစနစ်မှန်ကန်ရေး တောင်သူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က စိုက်နည်းစနစ်မှန်ကန်စေရေးနှင့်ပတ်သက်ပြီး ခန္တီးမြို့နယ်အနေဖြင့် ကွင်းဆင်း ဆောင်ရွက်နေမှုများ၊ မိမိဒေသတွင် အထွက်နှုန်းတိုးပွားရေး၊ ဝမ်းစာဖူလုံရေးအတွက် မျိုးကောင်း မျိုးသန့်များရရှိအောင် ဆောင်ရွက်နေများနှင့် ပတ်သက်သည်များအား မေးမြန်းရာ စိုက်ပျိုးရေးဉီးစီး ဌာန၊ မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး၊ ဒေါ်စုစုခိုင်က အသေးစိတ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)