သတင်းများ

ဘိုကလေးမြို့နယ်ရှိ မြစိမ်းရောင်ဘုရားကြီး၏ မူလပူဇော်ထားရှိသော မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား ပြန်လည်ပူဇော်နိုင်ရေး လှူဒါန်းမှုများဆောင်ရွက်
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၄) ရပ်ကွက်အတွင်း တည်ထားကိုးကွယ်တော်မူခဲ့သည့် နှစ်ပေါင်း (၁၁၃)နှစ်ကျော်ရှိ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် မြစိမ်းရောင် ကြေးသွန်းဘုရားကြီးအား မူလကပူဇော်ထားရှိခဲ့သော မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား မူလအတိုင်း ပြန်လည်ပူဇော် ထားရှိနိုင်ရေးအတွက် မြစိမ်းရောင် ဘုရားကြီး ဂေါပကအဖွဲ့မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ပြန်လည်ပူဇော်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် ရဟန်း၊ရှင်၊ လူအပေါင်းတို့မှ တတ်အားသရွေ့ ဝိုင်းဝန်းလှူဒါန်းဆောင်ရွက် လျက်ရှိသည်။
လပွတ္တာမြို့ အ.ထ.က(၂) ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 20,2023
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက်၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အ.ထ.က(၂) ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
မိုးကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်/စာစောင် ပြပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀:၃၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ(၅၉.၈)ကျပ် သန်းထုတ်ချေးပေးခဲ့
Jul 20,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း အဆင်ပြေစေရေးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ကဒေါင်းရပ် အရှေ့ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို Mobile Financial Payment Shwe Bank(MoMoney Digital Wallent)စနစ်ဖြင့် ထုတ်ချေးပေးခဲ့သည်။
ဒေးဒရဲမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ လက်ဝယ်အရောက် လူမှုရေးပင်စင်များ လိုက်လံထောက်ပံ့
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်) လများအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ထောက်ပံ့ငွေများအား ယနေ့နံနက်ပိုင်းကစတင်၍ ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး အသိပညာပေးဟောပြော
Jul 20,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ မေယုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျုံမငေး-အောက်ပေကုန်းတံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် မြေပြိုကျမှုများဖြစ်ပွားသည့်နေရာအား ကွင်းဆင်းကြည့်ရှု
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကျုံမငေး-အောက်ပေကုန်းတံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွားသည့်နေရာအား ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းသို့ အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ
Jul 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းသို့ အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်မ်းလွှာများ ပြန်လည် ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။