ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းရှိ  အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား  ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှ

မောင်တော ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန် ရှိ သူများသည် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ  အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက  ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်းများက လာရောက် ထိုးနှံသည့် အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား  ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

သက်လွင်စိုး ၊အောင်ကျော်စိန်(ပြန်/ဆက်)