လှိုင်းဘွဲ ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများက စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွမ်ဘီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းပိတောက်ဆောင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်၊သံဃာတော်များအား မနက်အာရုံဆွမ်း ဆက်ကပ်ပူဇော်ခဲ့ပြီး ကရင်ပြည်နယ် သံဃနာယက ဥက္ကဋ္ဌ ဥူးခေမိဿရာလင်္ကာရထံ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ တရားတော်များ၊ ပရိတ်တရားတော်များ နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကွမ်းဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်
စောဒိ(ပြန်/ဆက်)