လပွတ္တာ ဇူလိုင် ၂၀
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက်၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အ.ထ.က(၂) ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ စာပေဖတ်ရှု လေ့လာခြင်းသည် အသိဉာဏ်ပညာဗဟုသုတများစွာ တိုးပွားစေခြင်း၊ အမှား၊ အမှန်ကို ကောင်းစွာဝေဖန်ပိုင်းခြားနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိနိုင်ခြင်း၊ မူးယစ်ဆေးဝါးများအား ရှောင်ကြဉ်ရန်၊ မသုံးစွဲရန် အစရှိသည့် အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လပွတ္တာပြန်/ဆက်