ကျုံမငေး-အောက်ပေကုန်းတံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် မြေပြိုကျမှုများဖြစ်ပွားသည့်နေရာအား ကွင်းဆင်းကြည့်ရှု

ဝါးခယ်မ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကျုံမငေး-အောက်ပေကုန်းတံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွားသည့်နေရာအား ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကျုံမငေး-အောက်ပေကုန်းတံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် မြေပြိုကျမှုများဖြစ်ပွားသည့် နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ စီမံညွှန်ကြားမှုဖြင့် ကျုံမငေးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနောင်နှင့် အတူ ကျေးလက်လမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် အဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ အလျား ၁၀၀ ပေ၊ အနံ ၁၀ ပေခန့် ဘေးမြေပြိုကျခဲ့ကြောင်း၊ လက်ရှိ လမ်းအကျယ် (၁၂ ပေ)ခန့်သာ ကျန်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)