ကနီ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းသို့ အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်မ်းလွှာများ ပြန်လည် ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းသို့ ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ကျော်သက်နိုင်နှင့် ဇနီး မိသားစုတို့မှ အလှူငွေ (၃)သိန်းကျပ်၊ ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး မျိုးဇော်တင့်မှ စားပွဲ(၁)လုံးနှင့် ထိုင်ခုံ(၅)လုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကနီမြို့မစခန်းမှူး ဒုရဲမှူး သိန်းမြင့်နှင့် ဇနီး မိသားစုမှ စားပွဲ(၁)လုံးနှင့် ထိုင်ခုံ(၅)လုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ်များအဖွဲ့မှ အလှူငွေ တစ်သိန်း ငါးသောင်းကျပ်တို့အား လှူဒါန်း ရာ ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းမှ လက်ခံရယူပြီး အသင်းဥက္ကဋ္ဌ ဦးကျင်သိန်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ကနီမြို့အတွက် လိုအပ်နေသော ကွက်လပ်တစ်ခုကို ဖြည့်ဆည်းကူညီပေးနေသည့် ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းအား ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဝေစိုးနှင့် အဖွဲ့ဝင်များက အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အလှူငွေများ ထည့်ဝင် လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲသို့ ကနီ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)