မိုးကုတ် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀:၃၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြား ရာတွင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည် (၉) ဦး၏ တိုက်ပွဲဝင်ခဲ့ပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတိများနှင့် ကျောင်းသား/သူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများအား မမေ့သင့် ကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြပွဲ/ပြိုင်ပွဲများကို ကျင်းပရာ အ.လ.က.(ရှမ်းတော)မှ ပုံပြင်ပြောပြိုင်ပွဲတွင် မအေးသီရိဖြိုးက (ပထမ) ဆုကိုလည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲ တွင် မောင်အောင်ခန့်ကျော်က (ပထမ) ဆုကိုလည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မသော်တာမွန်မွန်က (ပထမဆု) ကိုလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် မဆုရတနာက (ပထမ) ဆုကိုလည်းကောင်း၊ ဆေးရောက်ခြယ်ပြိုင်ပွဲတွင် မအိမ့်ဖူးဝေလင်းက (ပထမ) ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်များအား ပြသရာတွင် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကြည်ကြည်နွဲ့