သတင်းများ

မြစ်သားမြို့ပေါ်ရှိ ကိုကိုသန်း စေတနာ ရေချမ်းစင်(၃၀)စင်ကို နေ့စဥ်မပျက် ရေအလှူကုသိုလ်ပြု ဖြည့်ပေး
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊   မြစ်သားမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ကိုကိုသန်း စေတနာရေချမ်းစင်(၃၀)စင်ကို နေ့စဥ်မပျက်နံနက်(၇)နာရီအချိန်က စတင်၍ စက်ဘီးတွင် ရေပုံးများကို ချိတ်ကာ လိုက်လံရေဖြည့်ပေးလျက်ရှိကြောင်းသိရသည်။
ကွန်ဟန်းမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေး နံရံကပ်စာစောင်ပြသပေး
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နံနက် ၁၁ နာရီခန့်က ပြည်သူများအနေဖြင့် လျှပ်စစ်အန္တယ်ရာယ်ကင်းရှင်းပြီး လျှပ်စစ်ဓာတ်အားကို ခြိုးခြံချွေတာ သုံးစွဲတတ်စေရန်အတွက် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေးနံရံကပ် စာစောင်ပြသခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 20,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နေ့လယ်(၂)နာရီအချိန်က ကျင်းပခဲ့သည့်။
သရက်ချောင်းမြို့နယ်တွင် မြစိမ်းရောင်အတိုးရငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း (ငါးကဏ္ဍ)အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျောက်ဆည်ကျေးရွာ "မြစိမ်းရောင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီသို့" အတိုးရငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေ(၅၀%)ဖြင့် ဂဝံလမ်းခင်းခြင်းအား ကြည့်ရှုစစ်ဆေး
Jul 20,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်မြင့်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းက ဆင်ဇလုပ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ(၅၀%)ဖြင့် ဆောင်ရွက်လျက်ရှိသော ဂဝံခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်း သူ ၁၉၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jul 20,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နန်းဩကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နန်းဩကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။
မင်းလှမြို့ (Community Center) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jul 20,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမ၌ ခင်စောတင့်ရေသားသည့် စွန့်စားမူဆီသို့ ခြေတစ်လမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။