မလှိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Jul 20,2023
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)နှင့် အခြေခံပညာအထက်တန်းကျောင်း( မြို့သစ်) ကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များ အခမဲ့သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။