သတင်းများ

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ဘဲဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုနှင့် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည့်အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေး
Jul 20,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ ဘဲဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးပြီး မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲဆောင်ရွက်သည့် အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေးသည်။
သံတွဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jul 20,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းက အမှတ် (၈) ရပ်ကွက်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေတွင်းရေကန်များစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန် -တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jul 20,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲက အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
သာစည်မြို့နယ် အခြေခံဘော်လီဘော အားကစားနည်းသင်တန်းတွင် သင်တန်းသား ၂၀၀ ကျော်အား ဆက်လက်ပို့ချပေး
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံဘော်လီဘော အားကစားနည်းသင်တန်းတွင် သင်တန်းသား ၂၀၀ ကျော် တက်ရောက် သင်ယူလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်းဦး (မြန်မာနိုင်ငံဘော်လီဘောလက်ရွေးစင်အသင်းနည်းပြ)ထံက သိရသည်။
ဗန်းမော်ခရိုင် (Community Centre) ခန်းမ၌ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ
Jul 20,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ဦးဆောင်၍ Book Club, Women Club နှင့် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံ တစ်ယောက် အမွေပေးသူ တစ်ရာ စာအုပ်ဖြင့် ယနေ့ နေ့လယ် ၁ နာရီခန့်က စာဖတ်ဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင် ပြပွဲကျင်းပ
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် အလယ်တန်းအဆင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ဇူလိုင် (၂၀) ရက် မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 20,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက် မငှားရမ်း နိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မီးသတ်ဦးစီးဌာနရုံး သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။