သတင်းများ

ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကြာနီကန်)၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အ.ထ.က(ကြာနီကန်) အခြေခံပညာကျောင်းတွင် Kindergarten စတင်တက်ရောက်နေသောအသက် (၅) နှစ် ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပုလဲမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့်အဏ္ဏဝါ ဂေဟစနစ်ထိခိုက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀နာရီက ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ် ထိခိုက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် အမှတ်(၃၂) အကြီးစားစက်ရုံတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း)၊ စက်ရုံအစည်း အဝေးရုံးခန်းတွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
တာလေမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်း၏ “အားနေသောလက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်အား စာဖတ်ဝိုင်းကျင်းပ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာမ ခင်စောတင့်၏စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဘားအံမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Jul 21,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့် ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁:၃၀ နာရီခန့်က ဘားအံ မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ-၂) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီးတွင် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Jul 21,2023
စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ဘုရားဂေါပကအဖွဲ့မှ ဘုရားပွဲတော်ကြီးအကြို (၃၉)ကြိမ်မြောက်၊ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၅)ရက်နေ့မှ စတင်ကာ(၁၃)ရက်နေ့အထိ (၈)ည (၉)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျိုက်လတ်မြို့နယ်အတွင်းရှိ မျိုးမြတ်မွန် ဆန်စက်နှင့် စပါးခွံလောင်စာတောင့်စက်ရုံအား ကြည့်ရှုစစ်ဆေး
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦး တင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အတူ ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ မျိုးမြတ်မွန်ဆန်စက် နှင့် စပါးခွံလောင်စာတောင့်စက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့သည်။