ပုလဲမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့်အဏ္ဏဝါ ဂေဟစနစ်ထိခိုက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ပုလဲ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀နာရီက ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ် ထိခိုက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)တွင်   ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုစိုးဝင်းနှင့်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးတို့က အဏ္ဏဝါ ပင်လယ်ပြင်အတွင်း ပလတ်စတစ်အမှိုက် ရောက်ရှိမှုအခြေအနေများ၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများနှင့် လူသားများအပေါ် ထိခိုက်စေမှု အခြေအနေများ၊ အာဆီယံအနေဖြင့် အဏ္ဏဝါအမှိုက်သရိုက် လျှော့ချရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အဏ္ဏဝါအမှိုက်သရိုက် လျှော့ချရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ပုလဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့်ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် စာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်း၊ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ အသိပညာပေး (Talk Show) များ ဆောင်ရွက်ခြင်းနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်