စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီးတွင် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

စစ်ကိုင်း ဇူလိုင် ၂၁

စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ဘုရားဂေါပကအဖွဲ့မှ ဘုရားပွဲတော်ကြီးအကြို (၃၉)ကြိမ်မြောက်၊ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၅)ရက်နေ့မှ စတင်ကာ(၁၃)ရက်နေ့အထိ (၈)ည (၉)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဝါဆိုလဆန်း (၁၃)ရက်နေ့တွင် ပဌာန်သိမ်းအောင်ပွဲအဖြစ် သံဃာတော်အပါး (၁၀၀)ပါးနှင့် သီလရှင်အပါး(၁၀၀)ပါး တို့အား သကင်္န်း၊ ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်းလည်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဆွမ်းဦးပုညရှင်စေတီတောမြတ်ကြီးသည် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်မြတ်စွာဘုရားကြီးများ၏ ဝါတွင်ဘုရားစဉ်ပွဲတော်များအနက် ပထမဦးဆုံးကျင်းပခွင့်ရရှိသည့် မြတ်စွာဘုရားကြီးဖြစ်ပြီး နှစ်စဉ်ပွဲ တော်ရက်မှာ ဝါဆိုလပြည့်နေ့ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်(စစ်ကိုင်းခရိုင်ပြန်/ဆက်)