ကြို့ပင်ကောက် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာမ ခင်စောတင့်၏စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာပေချစ်သူများအသင်း (Book Club)အဖွဲ့ဝင်ဦးမြင့်ဆွေက စွန့်စားမှုဆီသို့ခြေတစ်လှမ်း ခေါင်းစဉ်အားလည်းကောင်း ၊ မြို့နယ်စာပေ ချစ်သူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်တင်ဝင်းက မျှော်လင့်ချက် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် မြို့နယ်စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးသူ၏ရေးသာချက်များအား မိမိတို့နားလည်သဘောပေါက်သည့် အချက်အလက် များအကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လစဉ်စာဖတ်ဝိုင်းများ ဆွေးနွေးပွဲစကားဝိုင်းများကျင်းပ၍ လူငယ်လူရွယ်များပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြုလာတတ်စေရန် အသိပညာဗဟုသုတ ပြန့်ပွားစေရန်နှင့် စာပေဖတ်ရှုမျှဝေဆွေးနွေးခြင်းဖြင့် စာဖတ်လိုစိတ်များတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း သိရသည်။
ဇေယျာထွန်း(ပြန်/ ဆက်)