ရွှေတောင် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အ.ထ.က(ကြာနီကန်) အခြေခံပညာကျောင်းတွင် Kindergarten စတင်တက်ရောက်နေသောအသက် (၅) နှစ် ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာ ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ သွားရောက်၍ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းတွင် အသက် (၁၂) နှစ်မှ အသက် (၁၈) နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (ဒုတိယအကြိမ်) စတင်ထိုးနှံခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Kindergarten စတင်တက်ရောက်နေသော အသက် (၅) နှစ် ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)