Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်တွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားဖြန့်ဖြူးဆောင်ရွက်ပေးနေမှု ကြည့်ရှုစစ်ဆေးပြီး ဆလုံတိုင်းရင်းသားများအား ဆန်၊ ဆီ များထောက်ပံ့၍ Biometric Data များ စာရင်းကောက်ယူနေမှုအား ကြည့်ရှု
Jul 21,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဇူလိုင်(၂၀)ရက် နံနက်ပိုင်းက ကျွန်းစုမြို့နှင့်ကျေးရွာများရှိ ပြည်သူများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ကတ္တလူ အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့မွန်းလွဲ(၃)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများထုတ်ပေးလျက်ရှိ
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ် အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 21,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အ.ထ.က(မတ္တရာ) ကျောင်းတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီက အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂)စီမံချက်ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပရေး ဦးစီးကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ မဖြစ်ပွားရန်အတွက် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jul 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ မဖြစ်ပွားရန်အတွက် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ
Jul 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများက စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွမ်ဘီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းပိတောက်ဆောင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10528
Page
10529
Page
10530
Page
10531
Current page
10532
Page
10533
Page
10534
Page
10535
Page
10536
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department