သတင်းများ

ဗန်းမော်ခရိုင်Community Centre ခန်းမ၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Jul 21,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေး အလံပေးအပ်
Jul 21,2023
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်နည်းပြများနှင့်  ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ယင်းမာပင်မြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေး
Jul 21,2023
ပြည်သူများ၏ နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များကို ပြည်သူများ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးတို့အတွက် ယင်းမာပင်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေး(Booster)များ ထိုးနှံပေး
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉​​ရောဂါ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့်ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ စိုက်ပျိုးရေးစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ စိုက်ပျိုးရေးစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်တွင် ဒီရေတောသစ်ပင်နှင့် အုန်းပင်စိုက်ပျိုးပွဲ တက်ရောက်၍ ပျိုးပင်စိုက်ပျိုးပေးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ရေငန်ပုစွန် ကုန်ချောထုတ်လုပ်နေမှုနှင့် မွေးမြူဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Jul 21,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက  ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာသို့ ရောက်ရှိခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် (အကြို) မိုးရာသီဒီရေတောသစ်ပင်နှင့် အုန်းပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့သည်။
သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၇၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံ
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ‌အသက် ၅ နှစ်ပြည့်ပြီး KG၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား First dose, Second Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထပ်ဆောင်း ထိုးနှံနိုင်ခဲ့သည်။
သဲကုန်းမြို့နယ်တွင် မိုးစပါး(၈၂၆၁၀)ဧကစိုက်ပျိုးရန်လျာထား
Jul 21,2023
ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် တစ်ဧကအထွက်နှုန်းတိုးပွားစေရန်ရည်ရွယ်၍ ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက (၈၂၆၁၀) ဧကစိုက်ပျိုးသွားရန်လျာထားကြောင်းသိရသည်။