တောင်ဥက္ကလာပ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များအသီးသီးမှ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်ထိ ကလေးများအား အဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါ ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံတိုက်ကျွေးပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက အပတ်စဉ်ကြာသပတေးနေ့တိုင်း စဉ်ဆက်မပြတ်စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)