မိုင်းယန်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်၍ “လူငယ်ရေးရာ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များ အကျင့်စာရိတ္တကောင်မွန်၍ အမှားအမှန် ဝေဖန်ခွဲခြားသိမြင်စေရန်အတွက် ဥပမာ၊ သာဓကများဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူကုန်ကူးမှုူအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပေးနံရံကပ်စာစောင်အားပြသရာ ကျောင်းသား/ ကျောင်းသူ များမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး