ဂန့်ဂေါ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမတွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ကျောင်းသား/သူများအား “ရည်မှန်းချက်ရှိရမည်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းက “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ပလတ်စတစ်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်စီး ယိုယွင်းစေသည့် ပလတ်စတစ်၏ ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲရာတွင် လိုက်နာရမည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ပလတ်စတစ်အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)