ကွန်ဟိန်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက (၇၆)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မာသွယ်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ထွေးထွေးခိုင်တို့က အာဇာနည်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ အာဇာနည်ဟူသည် လူပင်သေသော်လည်း နာမည်မသေခဲ့သော အာဇာနည်များဖြစ်ကြောင်း၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကျင့်စာရိတ္တ၊ ရဲစွမ်းသတ္တိရှိမှု၊ တိုင်းပြည်အတွက် ပေးဆပ်အနစ်နာခံမှုများ၊ လွပ်လပ်သော မြန်မာနိုင်ငံကို ကမ္ဘာတည်သရွေ့ ကာကွယ်စောင့်ရှောက်ရာတွင် လူငယ်များ၏ တာဝန်ဖြစ်ကြောင်းတို့ကို ဆွေးနွေးကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)