သတင်းများ

တာမိုးညဲမြို့၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ပြုလုပ်
Jul 20,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ "အာဇာနည်နေ့အကြောင်း သိကောင်းစရာ" အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့၌ အဆင့်မြင့် စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲကျင်းပ
Jul 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၌ အိမ်တွင်းမှုသက်မွေးလုပ်ငန်း အဆင့်မြင့်စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်း က ရွာသာကျေးရွာခန်းမ၌ ကျင်းပသည်။
စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
Jul 20,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
တွံတေးမြို့နယ်၌ စပါးစိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေးချေးငွေထုတ်ချေး
Jul 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေ ထုတ်ချေးခြင်းကို ယမန်နေ့နေ့လည် ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ချောင်းဆုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လမ်းရေကျော်လာခြင်းကြောင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်
Jul 20,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ယမန်နေ့ နံနက် (၈)နာရီမှ (၁၁)နာရီထိ မော်လမြိုင်-ချောင်းဆုံ အဝေးပြေးလမ်းမပေါ်ရှိ သက္ကောကျေးရွာအတွင်း ကားလမ်းမပေါ်တွင် ရေကျော်ခြင်းများ ဖြစ်ပွားခဲ့ရာ ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲ မူလွန်(ပတုပ်)ကျောင်း၌ကျင်းပ
Jul 20,2023
ဇူလိုင်လ ၁၉ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာ ပေးဟောပြောပွဲကို ယမန်‌နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်ပတုပ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက ဟိုမန်းကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
ရမ်းဗြဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 20,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က အ-ထ-က ပုလုပ်တောင်ကျောင်း ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။