သတင်းများ

ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင်ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပသည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ/ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက်က ခရိုင်မီးသတ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများသို့ သုတရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
မော်လိုက်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ဆုပေးပွဲ ကျင်းပ
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ ညနေ (၃) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
မော်လိုက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကြီးမှူးကျင်းပသောပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်/ဆက်ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
ယင်းမာပင်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 21,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ယင်းမာပင်ခရိုင်ခရိုင်၊ ယင်းမာပင်မြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများက ဇူလိုင် ၁၉ နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သံဃာတော်အရှင်သူမြတ် (၅) ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 21,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါး၏ ဘေးအန္တရာယ်ဆိုးကျိုးများကို သိရှိနိုင်ရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးအတွက် အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင်မြို့ (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီး မြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 20,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်း၍ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ယနေ့‌နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။