နောင်တရားမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းဆောင်ရွက်

နောင်တရား ဇူလိုင် ၂၀

မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ‌ဘော်ဒါ‌ဆောင်များ၌ ရေတွင်းရေကန်များ အဘိတ်ဆေးခပ်ခြင်းကို ဌာနဆိုင်ရာအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ပိုင်းတွင်ဆောင်ရွက်သည်။

နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ ကျန်းမာရေးဝန်ထမ်းများက  သွေးလွန်တုပ်ကွေးရောဂါ  ကာကွယ်နှိမ်နင်းရန်အတွက်  ဘော်ဒါ ဆောင်များရှိ ရေးတွင်းရေကန်များ၌ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ရေတင် နိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပန်းအိုး၊ ရေတွင်း၊ ရေကန်၊ ရေမြောင်း၊ ရေစည်၊ အမှိုက်ကန်များတွင် ပိုးလောက်လန်းများ မရှိစေရေး အတွက် ကွင်းဆင်းဆောင်ရွက်သည်။ နောင်တရားမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာများ တွင်လည်း သွေးလွန်တုပ် ကွေးလက္ခဏာများ တွေ့ရှိနေရကြောင်း နောင်တရားမြို့ တိုက်နယ် ပြည်သူ့ဆေးရုံမှ သိရသည်။

ခွန်အောင်(နောင်တရား)