တပ်ကုန်း ဇူလိုင် ၂၀ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်(ပိန်း တော)နေ ပြည်သူများ အိမ်ဝိုင်းခြံမြေနှင့်ယာမြေများတွင် စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထား လုပ်ကိုင်လျက်ရှိအပြင် နေ့စဉ်ဝင်ငွေရရှိသော ဆူးပုတ်၊ ချဉ်ပေါင်၊ ပင်စိမ်း၊ ကင်ပွန်းချဉ်၊ သခွားနှင့် ကန်စွန်း စသည့်ကုန်စိမ်းသီးနှံများအနက် ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ် ဝင်ငွေရရှိကြောင်း စိုက်ပျိုးထားသူထံမှ သိရသည်။ ကန်စွန်းစိုက်ပျိုးသူများအနေဖြင့် ဈေးကွက်အနေအထားအပေါ်မူတည်၍ ကန်းစွန်းအပင်ကျဲ စိုက်ပျိုးခြင်းနှင့် ပင်စိပ်စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးစိုက်ပျိုးကြကြောင်း၊ ကန်စွန်းအပင်ကျဲ တစ်ဧက စိုက်ပျိုးလျှင် မျိုးစေ့အထုပ် ၂၀ ထုပ်အသုံးပြုရပြီး၊ ကန်စွန်းအပင်စိပ်စိုက်ပျိုးလျှင် မျိုးစေ့အထုပ် ၄၀ ထုပ် အသုံးပြုရကြောင်း၊ ကန်စွန်းစိုက်ပျိုးရာတွင် တစ်ခင်းနှင့်တစ်ခင်း ၁၅ ရက် အကွာ စိုက် ပျိုးရကြောင်း၊ မြေခံအဖြစ် သဘာဝမြေဆီများထည့်သွင်းကာ အစိုဓာတ်အမြဲရရှိရေးအတွက် ရေသွင်းပေးလျှင် အပင်များ ပိုမိုဖြစ်ထွန်းကြောင်း ဘုရင့်နောင်ရပ်ကွက်(ပိန်းတော)မှ ကန်စွန်း စိုက်တောင်သူ ဒေါ်မြင့်မြင့်သန်းက ပြောပြသည်။ ကန်စွန်းပင်များသည် စိုက်ပျိုးပြီးရက်ပေါင်း ၄၀ ကျော်လျှင် စတင်ရောင်းချနိုင်ကြောင်း၊ ရောင်းချ ရာတွင် ကန်စွန်းအညွှန့်သန်မာမှုအပေါ်မူတည်ပြီး အညွှန့် ၅ ညွှန့်မှ ၈ ညွှန့်အစည်းများ၊ အခင်း အတွင်း ပေပတ်လည်အပြတ် ရောင်းချရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကန်စွန်းတစ်ဧကလျှင် မြေအမျိုးအစားအပေါ်မူတည်၍ ငွေကျပ်တစ်သိန်းခွဲမှ နှစ်သိန်းကုန်ကျစရိတ်ရှိကြောင်း၊ ကန်စွန်း ခင်းတွင် နေ့စဉ်ခူးရောင်းချရသဖြင့် တောင်သူများ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ |