ယင်းမာပင်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ယင်းမာပင် ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း​ဒေသကြီး၊ယင်းမာပင်ခရိုင်ခရိုင်၊ ယင်းမာပင်မြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများက ဇူလိုင် ၁၉ နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သံဃာတော်အရှင်သူမြတ် (၅) ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန် တော့ ကြပြီး မံဘုရား​ကျောင်းတိုက် ဆရာတော်ဦးပညာစက္ကထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သာဓုအနု​မောဒနာတရားနာယူကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်နှင့် အဖွဲ့ဝင်များက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား သင်္ကန်းနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)