မော်လိုက်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ဆုပေးပွဲ ကျင်းပ

မော်လိုက် ဇူလိုင်၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ ညနေ (၃) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက စွန့်ပစ်ပလတ်စတစ်ပစ္စည်းများနှင့်လူ၊ တရိစ္ဆာန်များအန္တရာယ်ခေင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆု ရရှိသူများအား ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲနှင့် ဆုပေးပွဲသို့ ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများနှင့်အုပ်ထိန်းသူ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)