မော်လမြိုင်မြို့ (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီး မြှင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်  ဇူလိုင်  ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း  ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံတော်လွတ်လပ်ရေး ရရှိရာကြိုးပမ်းနေပုံ၊ ပြည်သူလူထူအပေါ် ထားရှိသည့်သဘောထား၊ ဂဋုန်ဦးစောက ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားအာဇာနည်ခေါင်းဆောင်များတို့အား လုပ်ကြံပုံ၊ အာဇာနည်နေ့တွင်ဂါရဝပြုပုံနှင့် ယ‌နေ့ခေတ် လူငယ်လူရွယ်များအနေဖြင့် အာဇာနည်နေ့ကို မမေ့ သင့်သည့်‌ နေ့ထူးနေ့မြတ်ကြီးတ‌စ်နေ့ဖြစ်ကြောင်းစသည့်အ‌ကြောင်းများ ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆုများအသီးသီးပေးအပ်ချီး မြှင့်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်ပြပွဲနှင့်  စာအုပ်စာစောင်များအား  ကျောင်းသားလူငယ်များက စိတ်ဝင်းစားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)