ကွတ်ခိုင် ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်း၍ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ယနေ့နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေး ဝင်းက အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမင်းမင်းစံနှင့် အပြန်အလှန်ဆွေးနွေးကြရာ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လ(၅)ရက်၌ ပြဌာန်းခဲ့ကြောင်းနှင့် မသန်စွမ်းသူ၏ အဓိပ္ပါယ်၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါအခွင့်အရေးများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း စသည့်အချက်အလက်များကို အကျယ်တဝင့် ဆွေးနွေးသွားကြကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါအသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာန၏ Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)