မော်လိုက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မော်လိုက် ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကြီးမှူးကျင်းပသောပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်/ဆက်ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

 အဆိုပါ ပုံပြင်ပြောပြိုင်ပွဲသို့ မော်လိုက်မြို့ပေါ်ရှိ အ.လ.က၊ အ.မ.က ကျောင်း (၇) ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ (၁၄) ဦးတို့က သင်ခန်းစာရဖွယ်၊ ဗဟုသုတရဖွယ် ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ အကဲဖြတ်ဒိုင် (၃) ဦးတို့က အမှတ်ပေးဆုံးဖြတ်ကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အုပ်ထိန်းသူ မိဘများ အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)