စလင်း ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ယနေ့ နံနက်ပိုင်းမှ စတင်ကာ နေ့လည် (၁) နာရီအချိန်အထိ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား ဇူလိုင်လဒုတိယပတ် ဆေးကုသပေးကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင် ရဟန်းရှင်လူပြည်သူများအား ဒို့မေတ္တာ(အခမဲ့)ကုသိုလ် (၈) မျိုး နာရေးကူညီမှုအသင်းမှ စေတနာဆရာဝန်(၄)ဦး တိုင်းရင်းဆေးဆရာ(၁) ဦး ဆေးဝါးကျွမ်းကျင်စေတနာရှင်(၃၅) ဦးတို့ဖြင့်စုပေါင်း၍ ကျန်းမာရေးချို့တဲ့သူဝေဒနာရှင်များအား အမည်စာရင်းများကောက်ယူ၍စည်းကမ်းတကျအလှည့်ကျ ဆေးကုသခြင်းကိုဆောင်ရွက်ပေးလျက်ရှိရာ ရောဂါဝေဒနာအား စမ်းသပ်စစ်ဆေး၍ စားဆေးသောက်ဆေးများပေးဝေ၍ အခမဲ့ကုသပေးရာ ယနေ့နံနက်ပိုင်းအထိ ကျန်းမာရေးချို့တဲ့သူ (၃၆၅)ဦးအား စမ်းသပ် စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးခန်းအားစတင်တည်ထောင်သည့်နေ့မှစ၍ လစဥ်/နှစ်စဥ်ပြည်သူများ၏ ထည့်ဝင်လှူဒါန်းလျက်ရှိရာ ယနေ့ဇူလိုင်လ(၁၉)ရက်နေ့အထိ ပြည်သူထည့်ဝင်လှူဒါန်းမှုများဖြင့် ကုသပေးကြောင်း ဒို့မေတ္တာ(အခမဲ့)ဆေးခန်းမှ သိရသည်။
မောင်လွင်(စလင်း)