မိုင်းဖြတ်မြို့နယ်၌ အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ဆောင်ရွက်

မိုင်းဖြတ် ဇူလိုင် ၁၉ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနပိုင်၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးအတွင်း ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် ဝန်ထမ်းများသည် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများက အမှိုက်ခြောက်၊ အမှိုက်စို၊ ဘေးအန္တရာယ်ရှိအမှိုက်များ၊ ပလတ်စတစ် အမှိုက် (၄) မျိုးအား အရောင် (၄) မျိုးဖြင့် စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေး ပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပြည်သူ့ပန်းခြံအတွင်း လာရောက်အပန်းဖြေကြသည့် မိဘပြည်သူများမှ အမှိုက်ကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေး ပိုစတာစိုက်ထူးခြင်းနှင့် အမှိုက်ပုံးမျာကို အရောင်(၄)ရောင်ခွဲခြား၍ ထားရှိခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)