မိုင်းတုံ-တာဆန်းသွားလမ်း ပခုံးမြေသားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အ‌ခြေအနေအား ကွင်းဆင်းစစ်‌‌ဆေး

မိုင်းတုံ ဇူလိုင် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေ (၂၉.၅၀)သန်းဖြင့် မိုင်းတုံ-မိုင်းတာဆန်းသွားလမ်းရှိ‌‌ 235km- 235.63km အတွင်း အရှည် (၈၂၀)ပေ ဘေးဝဲယာရှိ လမ်းပခုံးမြေသားများ ပဲ့ကျသောနေရာအား မျောတုတ်ရိုက်ခြင်းလုပ်ငန်းကို လမ်းအထူး(၃)အဖွဲ့မှ ဦးဆောင်၍ စတင်ဆောင်ရွက်‌နေမှု အခြေအနေအား  မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၊ အတွင်းရေးမှူး ဦးရဲအောင်နိုင် (ဦးစီးအရာရှိ၊ မြို့ပြ) လမ်းအထူး(၃) ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)တို့  ပူးပေါင်း၍ ယမန်နေ့  (၁၃:၃၀)နာရီအချိန်က ပြီးစီးမှုအ‌ခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လမ်းအထူး(၃) မှ ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)နှင့် တာဝန်ရှိသူက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းတုံ-တာဆန်းသွားလမ်းမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်‌‌နေ့ နံနက်ပိုင်းက ရေကြီးနှစ်မြုပ်မှုကြောင့် လမ်းဘေးဝဲယာရှိ လမ်းပခုံးမြေသားများ အရှည်(၈၂၀)ပေ ပဲ့ကျပျက်စီးခဲ့ရခြင်းဖြစ်၍ ယင်းနေရာအား မျောတုတ်ရိုက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)