မင်းလှ ဇူလိုင် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲအလေးပြုခြင်းအစီအစဉ်ကို ဇူလိုင်လ (၁၉)ရက် နံနက် (၁၀)နာရီ (၃၇)မိနစ်အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီး၍ နယ်မြေစခန်းများနှင့် တစ်ပြိုင်တည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်ဦး၏ စီစဉ်မှုဖြင့် မြို့နယ်သံန္ဓေမီးသတ်၊ မြို့နယ်အရံမီးသတ်စခန်း၊ စစ်ကွင်းနယ်မြေမီးသတ်စခန်း၊ စိန်ကန့်လန့်နယ်မြေမီးသတ်စခန်းတို့၌ တပြိုင်တည်း နံနက် (၁၀)နာရီ (၃၇)မိနစ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဝမ်းနည်းအထိမ်းအမှတ် အလးပြုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်း၊ ဥဩစွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအပြင် မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများတွင်လည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေအဖြင့် နိုင်ငံတော်အလံတိုင် တစ်ဝက်လွှင့်ထူခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)