မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို စျေးနှုန်သက်သာစွာရောင်းချပေး

မြန်အောင် ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အမှတ်(၁) ရပ်ကွက်တွင် စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ယနေ့နံနက်က စားအုန်း ဆီ၊ဆန်နှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  စားအုန်းဆီ တစ်ပိဿာ (၆၆၇၀) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၂၈၆၀) ပိဿာ၊ ဆင်းသုခဆန်တစ်ပြည် (၂၀၀၀) ကျပ်နှုန်းဖြင့် ဆန် (၁၀) အိတ်၊ ကြက်ဥတစ်လုံး (၄၀၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၁၀၀၀) ရောင်းချပေးမှုအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

အလားတူ မြန်အောင်မြို့ အမှတ်(၂) ရပ်ကွက်၊ မြစ်ကျိုးအုပ်စု၊ ရှားတောအုပ်စု၊ မြို့မတဲကြီး ကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေး ရွာအုပ်စုတို့တွင်လည်း စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် သတ် မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)