သရက် ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သရက်မြို့နယ် လေးတိုင်စင်ကျေးရွာ၊ ကုလားစုကျေးရွာနှင့် ရေပေါ်ကျွန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြောင်းရွှေ့ အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၇)ဦးတို့အတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက စံပုံတင်ဘုန်းတော်ကြီးကျောင်းအတွင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါထောက်ပံ့ပေခြင်းကို သရက်မြို့နယ်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့အဖွဲ့ဝင်များက မြစ်ရေဝင်ရောက်ခဲ့သည့်အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၇)ဦးတိုအတွက် ဆန်ရိက္ခာဖိုးငွေ (ကျပ်-တစ်သိန်းရှစ်သောင်း ငါးထောင်/တိတိ)အား ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)