ကြံခင်းမြို့နယ် အခွန်လွတ်ဈေးတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jul 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို မြို့နယ်အတွင်းရှိ ပြည်သူများဈေးနှုန်း မှန်ကန်ချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ယနေ့ နံနက် (၇) နာရီအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်း၊ အာဇာနည်ကျောက်တိုင်ကွင်းအတွင်း ရောင်းချပေးကြောင်း သိရသည်။